ပုဒ်မ ၈၃
ပုဒ်မ ၈၃
အစိုးရ၏ အမိန့်အရပြုလုပ်သည့်မြေပုံများ သို့မဟုတ် ပုံစံပြမြေပုံများနှင့်စပ်လျဉ်း၍အမှန်ကဲ့သို့ မှတ်ယူခြင်း

နိုင်ငံတော်အစိုးရ၏အမိန့်အရပြုလုပ်ထားသည်ဆိုသော မြေပုံများ သို့မဟုတ် ပုံစံပြမြေပုံများကို ထိုကဲ့သို့ အမိန့်အရပြုလုပ်ထားသည်ဟူ၍လည်းကောင်း၊ ယင်းတို့သည် တိကျမှန်ကန်သည်ဟူ၍လည်း ကောင်း တရားရုံးကမှတ်ယူရမည်။ သို့ရာတွင်အခြားအကြောင်းကိစ္စတစ်ခုခုအတွက် ပြုလုပ်ထားသော မြေပုံများ သို့မဟုတ် စံပြမြေပုံများ တိကျမှန်ကန်ကြောင်းကိုမူ သက်သေထင်ရှားတင်ပြရမည်။