ပုဒ်မ ၂၀၅
ပုဒ်မ ၂၀၅
တရားခံကိုယ်တိုင်လာရောက် ခြင်းမှ ကင်း လွတ်စေရန် ရာဇဝတ်တရားသူကြီးက ခွင့်ပြု နိုင်ခြင်း။

(၁) ရာဇဝတ်တရားသူကြီး တစ်ယောက်သည် သမ္မန်စာထုတ်ဆင့်သည့်အခါ တိုင်း စွပ်စွဲခံရသူတို့ ကိုယ်တိုင်လာရောက်ခြင်းမှ ကင်းလွတ်စေရန် ခွင့်ပြုသင့်သည် ထင်မြင်လျှင် ထိုသို့ခွင့်ပြုပြီး ၎င်း၏ရှေ့နေကိုလာရောက်ရှိစေရန်ခွင့်ပြုနိုင်သည်။

(၂) သို့သော်လည်း စုံစမ်းစစ်ဆေး နေသော၊ သို့မဟုတ် စစ်ဆေးစီရင်နေသော ရာဇဝတ်တရားသူကြီးသည် မိမိသဘောအတိုင်း မှုခင်းကိစ္စများ၏ မည်သည့်အဆင့်၌မဆို စွပ်စွဲ ခံရသူကို တရားရုံးသို့ ကိုယ်တိုင်လာရောက်စေရန် ညွှန်ကြားနိုင်သည်။ ထို့အပြင် အကယ်၍ ထိုကဲ့သို့ ကိုယ်တိုင်လာရောက်စေရန် အတင်းအကြပ်ပြုလုပ်သင့်လျှင်လည်း အထက်တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ပြုလုပ်နိုင်သည်။