ပုဒ်မ ၄၂၁
ပုဒ်မ ၄၂၁
အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ

နိုင်ငံတော်သမ္မတသည် -

(က) ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စကို ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန်ဖြစ်လျှင်ယင်းအစည်းအဝေးသို့ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကျင်းပချိန်မဟုတ်လျှင်ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူစေ၍ဖြစ်စေ အစီရင်ခံတင်ပြရမည်၊

(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကိုပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြ လျက် တင်ပြလာပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိနှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။ ယင်းသို့တိုးမြှင့်ပေးသည့်ကိစ္စကို ပြည် ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူစေ၍ အစီရင်ခံတင်ပြရမည်။