ပုဒ်မ ၁၂၆-က
ပုဒ်မ ၁၂၆-က
ခံဝန်ချုပ်အတွက် ကျန်ရှိနေသေးသော ကာလအပိုင်းအခြားအတွက် အာမခံခြင်း

ပုဒ်မ ၁၂၂ ပုဒ်မခွဲ (၃) ၏ ခြွင်းချက်အရဖြစ်စေ၊ ပုဒ်မ ၁၂၆၊ ပုဒ်မခွဲ (၂) အရဖြစ်စေ ဝရမ်း သို့မဟုတ် သမ္မန်စာထုတ်ဆင့်ပြီး ရောက်ရှိစေရန် ဆင့်ဆိုခြင်းခံရသူသည် မိမိရှေ့မှောက်သို့ ရောက်ရှိ လာသည့်အခါ သို့မဟုတ် ၎င်းကိုခေါ်ဆောင်လာသည့်အခါ ရာဇဝတ်တရားသူကြီးသည် ထိုသူ ချုပ်ထားသည့် ခံဝန်ချုပ်ကို ဖျက်သိမ်းရမည့်အပြင် အဆိုပါ ခံဝန်ချုပ်မှ မကုန်ဆုံးသေးသော ကျန်ကာလအပိုင်းအခြားအတွက် မူလအာမခံနှင့် အမျိုးတူ အာမခံ အသစ်ထပ်မံပေးစေရန် အမိန့်ချမှတ်ရမည်။ ထိုကဲ့သို့ ချမှတ်သော အမိန့်သည် ပုဒ်မ ၁၂၁ ၊ ၁၂၂ ၊ ၁၂၃ နှင့် ၁၂၄ တို့ပါ ကိစ္စများ အလို့ငှာ ပုဒ်မ ၁၀၆ သို့မဟုတ် ပုဒ်မ ၁၁၈ သက်ဆိုင်ရာရာအရ ချမှတ်သော အမိန့်ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။