(၁) ဆန့်ကျင်ကွဲလွဲသော သီးခြားပြဌာန်းချက် တစ်စုံတစ်ရာမရှိလျှင် ဤဥပဒေပါ ပြဌာန်းချက်များကြောင့် တည်ဆဲအထူး သို့မဟုတ် ဒေသန္တရ ဥပဒေ တစ်ရပ်ရပ်ကို သော်လည်းကောင်း၊ တည်ဆဲ အခြားဥပဒေ တစ်ရပ်ရပ် အရဖြစ်စေ အပ်နှင်းသည့် အထူးစီရင်ပိုင်ခွင့်အာဏာ သို့မဟုတ် အာဏာကို သော်လည်းကောင်း၊ ထိုသို့ သတ်မှတ်သည့် အထူးလုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကိုသော် လည်းကောင်း ကန့်သတ်သည် သို့မဟုတ် အခြားနည်း ထိခိုက်စေသည်ဟု မှတ်ယူခြင်း မရှိစေရ။
(၂) ပုဒ်မခွဲ (၁) ပါပြဌာန်းချက်၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ အထူးအားဖြင့် မြေလက်ရှိဖြစ်သူ သို့မဟုတ် မြေရှင်က လယ်ယာထွက်ကုန်မှ လယ်ယာမြေသီးစားခ တောင်းခံရယူရေး အတွက် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ရရှိနိုင်သည့် သက်သာခွင့်ကို ဤဥပဒေပါပြဌာန်းချက်က ကန့်သတ်သည် သို့မဟုတ် အခြားနည်းထိခိုက်စေသည်ဟု မှတ်ယူခြင်း မရှိစေရ။