ပုဒ်မ ၂၆၁
ပုဒ်မ ၂၆၁
အာဏာ အနည်းငယ်မျှသာ အပ်နှင်းခဲ့ ရသော ခုံရုံး ထိုင် ရာဇဝတ်တရားသူကြီးများသို့ အပ်နှင်းသည့် အာဏာ၊

ဒုတိယတန်း အာဏာရရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီး အာဏာများအပ်နှင်းခံရသည့် မည်သည့်ခုံရုံးထိုင် ရာဇဝတ် တရားသူကြီးကိုမဆို အောက်ပါပြစ်မှုများကိုဖြစ်စေ၊ ၎င်းတို့အနက် တစ်စုံတစ်ရာကိုဖြစ်စေ အကျဉ်းနည်း စစ်ဆေးစီရင်နိုင်ရန် နိုင်ငံတော်သမ္မတက အာဏာအပ်နှင်းနိုင်သည်-

(က) သေဒဏ်ဖြစ်စေ၊ စေ၊ သက်ဆိုင်ရာဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်ဖြစ်စေ၊ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ၊ ၊ သုံးလထက်ပိုသော ထောင်ဒဏ် ဖြစ်စေ ပြစ်ဒဏ်စီရင်ခွင့်မရှိသော ပြစ်မှုများ၊ ( ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၂၆)

( ခ) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၆၄၊ ၂၆၅၊ ၂၆၆၊ ၂၆၉၊ ၂၇၁၊ ၂၇၂၊ ၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆၊ ၂၇၉၊ ၂၀၀၊ ၂၈၂၊ ၂၈၄၊ ၂၈၅၊ ၂၈၆၊ ၂၈၉၊ ၂၉၀၊ ၂၉၁၊ ၂၉၂၊ ၂၉၃၊ ၂၉၄၊ ၃၂၃၊ ၃၃၇၊ ၃၄၂၊ ၃၇၄၊ ၄၃၄၊ ၄၄၀ နှင့် ၅၀၄ အရ ကျုးလွန်သည့် ပြစ်မှုများ၊

( ဂ ) ခိုးယူသည့်ပစ္စည်း၏တန်ဖိုးသည် ကျပ်သုံးသောင်းထက်မပိုသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉၊ သို့မဟုတ် ၃၈ဝ အရ ခိုးမှုများ၊ ( ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၂၆)

(ဃ) အလွဲသုံးစားပြုသည့် ပစ္စည်း၏တန်ဖိုးသည် ကျပ်ငါးဆယ်ထက် မပိုသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၃ အရ မရိုး မဖြောင့်သော သဘောဖြင့် ပစ္စည်းအလွဲသုံးစားပြုမှု၊ ( ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၂၆)

(င) ပစ္စည်းတန်ဖိုး ကျပ်သုံးသောင်းထက်မပိုသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၁ အရ ခိုးရာပါပစ္စည်းလက်ခံမှု၊ သို့မဟုတ် ဆက်လက်ထားရှိ မှုနှင့် ယင်းဥပဒေပုဒ်မ ၄၁၄ အရ ခိုးရာပါပစ္စည်းဝှက်သိမ်းရာတွင် ကူညီမှ၊ သို့မဟုတ် ယင်းပစ္စည်းကိုထုခွဲရာတွင် ကူညီမှုများ၊ ( ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၂၆)

(စ) အထက်ဆိုခဲ့သည့် ပြစ်မှုများအနက် ပြစ်မှုတစ်စုံတစ်ရာကို အားပေး ကူညီမှုများ၊

(ဆ) အထက်ဆိုခဲ့သည့် ပြစ်မှုများအနက် ပြစ်မှုတစ်စုံတစ်ရာကို ကျုးလွန် အားထုတ်မှုသည် ပြစ်မှုမြောက်သောအခါ ယင်းပြစ်မှုတစ်စုံတစ်ရာကို ကျုးလွန်ရန် အားထုတ်မှုများ။