ပုဒ်မ ၁၈၀
ပုဒ်မ ၁၈၀
ပြုလုပ်မှုသည် အခြားပြစ်မှုနှင့် ဆက်စပ်နေခြင်းကြောင့် ပြစ်မှုမြောက်သောအခါ စစ်ဆေးစီရင်ရန် နေရာဌာန

ပြစ်မှုတစ်ခုခုသည် ပြစ်မှုမြောက်သော အခြားပြုလုပ်မှုတစ်ရပ်ရပ်နှင့် ဆက်စပ်နေခြင်း ကြောင့် ပြစ်မှုမြောက်သောအခါ သို့မဟုတ် ပြုလုပ်သူသည် ပြစ်မှုကျူးလွန်နိုင်သူဖြစ်ခြင်းကြောင့် ပြစ်မှုမြောက်သည့်အခါ ပထမပြစ်မှုအတွက် စွဲချက်ကိုဆိုခဲ့သည့် ပြုလုပ်မှုနှစ်ရပ်အနက် တစ်ရပ်ရပ်ကို ပြုလုပ်ခဲ့ရာနေရာတွင် စီရင်ပိုင်ခွင့် အာဏာရှိသည့် တရားရုံးက စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေး စီရင်နိုင်သည်။

ဥပမာများ

(က) အားပေးကူညီမှုဖြင့် စွဲဆိုမှုတစ်ရပ်ကို အားပေးကူညီမှု ကျူးလွန်ခဲ့သော နယ်မြေအတွင်း စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးက စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စစ်ဆေးစီရင်ခြင်း သော်လည်းကောင်း၊ အားပေးကူညီသည့် ပြစ်မှုကို ကျူးလွန်ရာနယ်မြေအတွင်း စစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးက စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စစ်ဆေးစီရင်ခြင်း သော်လည်းကောင်း ပြုနိုင်သည်။

(ခ) ခိုးရာပါပစ္စည်းများလက်ခံမှု သို့မဟုတ် လက်ဝယ်ထားသိုမှုကို ၎င်းခိုးရာပါပစ္စည်းများ ခိုးရာ အရပ်တွင် စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးကဖြစ်စေ၊ ၎င်းပစ္စည်းများကို မည်သည့် အချိန်အခါမဆို မရိုးမဖြောင့်သောသဘောဖြင့် လက်ခံခြင်း သို့မဟုတ် ဆက်လက်ထားရှိ ခြင်း ပြုရာအရပ်ဒေသတွင် စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးက ဖြစ်စေ စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။

(ဂ) လူကို ခိုးမှန်းသိလျက် ၎င်းလူကို မတရားသဖြင့် ဝှက်သိမ်းထားမှုကို မတရားသဖြင့် ဝှက်သိမ်းထားရာနယ်မြေအတွင်း စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးကဖြစ်စေ၊ လူခိုးရာ နယ်မြေအတွင်း စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးကဖြစ်စေ စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။