“မတရားရယူခြင်း” ဆိုသည်မှာ ရယူသူသည် ဥပဒေနှင့်အညီ ပိုင်ခွင့်မရှိသောပစ္စည်းကို မတရားသော နည်းဖြင့် ရယူခြင်းကိုဆိုသည်။
“မတရားဆုံးရှုံးခြင်း” ။
“မတရားဆုံးရှုံးခြင်း” ဆိုသည်မှာ ဆုံးရှုံးသူသည် ဥပဒေနှင့်အညီ ပိုင်ခွင့်ရှိသောပစ္စည်းကို မတရားသော နည်းဖြင့် ဆုံးရှုံးခြင်းကိုဆိုသည်။
“မတရားရယူခြင်း” ၊ မတရားဆုံးရှုံးခြင်း” ။
သူတစ်ဦးသည် မတရားရရှိသောအခါ၌လည်းကောင်း၊ မတရားဆက်လက်ထားရှိသောအခါ၌ လည်းကောင်း မတရားရယူသည်မည်၏။ သူတစ်ဦးသည် ပစ္စည်းကိုမရနိုင်အောင် မတရားတားဆီးခံ ရသောအခါ၌လည်းကောင်း၊ ပစ္စည်းကိုမတရားလက်လွတ် ခံရသောအခါ၌ လည်းကောင်း မတရားဆုံးရှုံး သည်မည်၏။