(၁) သက်ဆိုင်ရာရာ ရာဇဝတ်တရားသူကြီးရှေ့၊ သို့မဟုတ် တရားရုံးရှေ့သို့ တရားခံ ရောက်ရှိလာသည့်အခါ၊ သို့မဟုတ် တရားခံကို ပြန်လည်တင်ပို့ သည့်အခါ ၎င်းတရားခံသည် ခုခံချေပနိုင်စွမ်းရှိပြီဟု ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးက ထင်မြင်လျှင် စုံစမ်းစစ်ဆေးမှုကို၊ သို့မဟုတ် စစ်ဆေးစီရင်မှုကို ဆက်လက် ပြုလုပ်သွားရမည်။
(၂) တရားခံအခနဖြင့် ခုခံချေပနိုင်စွမ်းမရှိသေးကြောင်း ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးက ထင်မြင်ယူဆလျှင် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးသည် သက်ဆိုင်ရာပုဒ်မ ၄၆၄၊ သို့မဟုတ် ၄၆၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထပ်မံဆောင်ရွက်ရမည်။ တရားခံမှာ စိတ်ပေါ့သွပ်၍ ခုခံချေပနိုင်စွမ်းရှိမည်မဟုတ်ကြောင်း တွေ့ရှိရလျှင် အဆိုပါ တရားခံအပေါ် ပုဒ်မ ၄၆၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။