ပုဒ်မ ၈၅
ပုဒ်မ ၈၅
ဝရမ်း ထုတ်ဆင့်ခံရသူကို ဖမ်းဆီးရမိသည့်အခါ ဆောင်ရွက်ရန်ကျင့်ထုံး

ဖမ်းဝရမ်းကိုထုတ်ပေးသော တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနယ်မြေပြင်ပတွင် အတည်ပြု သည့်အခါ အရမ်း ထုတ်ပေးသော တရားရုံးသည် ဖမ်းဆီးရမိသည့်နေရာနှင့် မိုင်နှစ်ဆယ်အတွင်း မဟုတ်ခဲ့လျှင် သော်လည်းကောင်း၊ ဖမ်းဆီးရမိသည့်နေရာသည် စီရင်ပိုင်ခွင့်အာဏာရှိသော တရား သူကြီး သို့မဟုတ် ခရိုင်ရဲဝန် ထုတ်ဆင့်သည့်တရားရုံးက ဖမ်းဆီးသည့်နေရာနှင့် ပိုမိုမနီးခဲ့လျှင်သော် လည်းကောင်း၊ ပုဒ်မ ၇၆ အရ အာမခံယူသည်မဟုတ်လျှင် သော်လည်းကောင်း ဖမ်းဆီးခံရသူကို အဆိုပါ ရာဇဝတ်တရားသူကြီး သို့မဟုတ် ခရိုင်ရဲဝန်ထံ ခေါ်ဆောင်သွားရမည်။