မည်သူမဆို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးရန် လာရောက်သူများ စိတ်ငြိုငြင် စေရန် သို့မဟုတ် မဲရုံတွင်တာဝန်ကျသော မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဝတ္တရားဆောင်ရွက်ခြင်းကို အနှောင့် အယှက်ဖြစ်စေရန် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အတွင်း၌ဖြစ်စေ အသံချဲ့စက်အစရှိသော အသံ ကို ကျယ်အောင်ပြုလုပ်သည့် ကိရိယာတန်ဆာပလာသုံးစွဲခြင်း၊ အော်ဟစ်ခြင်းအစရှိသော စည်းကမ်းမဲ့ သည့် အပြုအမူကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။