ပုဒ်မ ၅၃
ပုဒ်မ ၅၃
ပြစ်ဒဏ်များ

ဤရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များအရ ပြစ်မှုကျူးလွန်သူတို့ ထိုက်သင့်သည့် ပြစ်ဒဏ်များမှာ −


ပထမ။ သေဒဏ်၊

ဒုတိယ။ ထောင်ဒဏ်တစ်သက်၊

တတိယ။ (* * * *)

စတုတ္ထ။ ထောင်ဒဏ်၊ ထိုထောင်ဒဏ်မှာလည်း−

(၁) အလုပ်ကြမ်းနှင့် ထောင်ဒဏ်၊

(၂) အလုပ်မဲ့ထောင်ဒဏ်၊

ပဉ္စမ။ (* * * *)

ဆဋ္ဌမ။ ငွေဒဏ်။



ကျင့်ထုံး