တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထိုးမြဲလက်မှတ် လိုအပ်သောအချက်တွင်၊ သို့တည်းမဟုတ် စာတမ်း အမှတ်အသား သို့မဟုတ် မှတ်တမ်းတွင် ထိုးမြဲလက် မှတ် မပါရှိပါက တစ်စုံတစ်ရာ အကျိုးသက်ရောက် ကြောင်း ပြဌာန်းချက်ရှိသည့်အချက်တွင်၊ ထိုလိုအပ် ချက်သည် အီလက်ထရောနစ်မှတ်တမ်းနှင့် စပ်လျဉ်း ၍ အကယ်၍ အောက်ပါတို့နှင့် ညီညွတ်လျှင်
အတည်ပြုလက်ခံနိုင်သည် -
(က) အီလက်ထရောနစ်မှတ်တမ်းတွင် ပါရှိသည့် သတင်းအချက်အလက်တို့ကို အလေးထား သည့် တစ်စုံတစ်ဦး၏ ရည်ရွယ်ချက်ကို ဖော်ညွှန်းရန်နှင့် လူတစ်စုံတစ်ယောက်ကို သရုပ်ဖော်ရန် အသုံးပြုသည့် နည်းစနစ်နှင့်
(ခ) အသုံးပြုသည့် နည်းစနစ်သည် -
(၁) အခြေအနေအရပ်ရပ် အားလုံး တွင် အခြားစပ်ဆိုင်သည့် သဘော တူညီချက်များ အပါအဝင် အီလက် ထရောနစ်မှတ်တမ်းအား ဖန်တီးခဲ့ ခြင်း သို့မဟုတ် ဆက်သွယ်ဆောင် ရွက်ခဲ့ခြင်းအတွက် သင့်လျော်ညီ ညွတ်ကြောင်း အားကိုးအားထား ပြုထိုက်ခြင်း၊ သို့တည်းမဟုတ်
(၂) ပုဒ်မခွဲ (က)တွင် ပြဌာန်းထား သည့် ဆောင်ရွက်ချက်အတွက် လက်ခံကျေနပ်ဖွယ်ရာဖြစ်သည့် အကြောင်းချင်းရာကို ယင်း၏ အလိုအလျှောက်ဖြစ်စေ၊ အခြား သော သက်သေခံချက်နှင့် တွဲဖက် ၍ဖြစ်စေ အပြီးအပြတ်ထင်ရှား စေခြင်း။