ပုုဒ်မ ၅၈
ပုုဒ်မ ၅၈
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ

မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေး ကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -

(က) ကော်မရှင် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ပျက်ပြားစေရန် တစ်နည်းနည်းဖြင့် ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း၊

(ခ) နိုင်ငံရေးပါတီတစ်ခုခု သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးအပေါ် အခွင့်အရေး တစ်ရပ်ရပ်ရရှိစေရန် သို့မဟုတ် ဆုံးရှုံးစေရန် ကော်မရှင် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း၊

(ဂ) နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊

(ဃ) ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော်လည်းကောင်း၊ ယင်းအခွင့် အရေးကို ရရှိခဲ့ခြင်း အတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစား အသောက်၊ ရာထူး သို့မဟုတ် အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံး ပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊

(င) ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးကို သော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကိုသော်လည်းကောင်း ခြိမ်း ခြောက်ခြင်း၊

(စ) လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန် သော်လည်းကောင်း၊ ဆန္ဒ မဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း၊