(၁) ဒီကရီအတည်ပြုရာတွင် တရားမအကျဉ်းထောင်၌ ချုပ်နှောင်ထားခြင်း ခံရမည့် သူတိုင်းကို အောက်ပါကာလအပိုင်းအခြားအတိုင်း ချုပ်နှောင်ထားရမည် –
(က) ဒီကရီအရ ပေးဆောင်ရမည့်ငွေသည် ကျပ်တစ်သိန်းထက်ပိုသည့်အခါ ခြောက်လ၊
( ခ ) အခြားကိစ္စတွင် ရက်သတ္တခြောက်ပတ်၊
သို့ရာတွင် –
သက်ဆိုင်ရာ ခြောက်လသို့မဟုတ် ရက်သတ္တခြောက်ပတ် မကုန်ဆုံးမီ တရားရှုံးအား ချုပ်နှောင်ထား ရာမှ လွှတ်ရမည်။
ထို့ပြင်လည်း ၎င်းကို ချုပ်နှောင်ထားရာမှ အပိုဒ် ၂ သို့မဟုတ် အပိုဒ် ၃ အရ လွှတ်သည့်အခါ တရားရုံး၏အမိန့် မရရှိဘဲ မလွှတ်ရ။
(၂) ဤပုဒ်မအရ ချုပ်နှောင်ထားရာမှ လွှတ်လိုက်သော တရားရှုံးသည် ယင်းသို့လွှတ်လိုက် သည့်အကြောင်းသက်သက်ကြောင့် ၎င်း၏ကြွေးမြီမှ ကင်းလွတ်ခြင်း မရှိစေရ။
သို့သော် ဒီကရီ အတည်ပြုခြင်းကြောင့် ထိုတရားရှုံးကို တရားမအကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်လျှင် ယင်းဒီကရီနှင့် စပ်လျဉ်း၍ ပြန်လည်ဖမ်းဆီးခြင်း မခံထိုက်စေရ။