ပုဒ်မ ၁၀၈
ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း
ပြည်ထောင်စုလွှတ်တော်သည်-
(က) နိုင်ငံတော်သမ္မတက တင်ပြသည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်း ချင်းဆိုင်ရာစာချုပ်များ၊ သဘောတူညီချက်များကို အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက် ခြင်းတို့နှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးရမည်၊
(ခ) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီ ချက်များအနက် မည်ကဲ့သို့သော စာချုပ် သို့မဟုတ် သဘောတူညီချက် အမျိုးအစားကို ပြည်ထောင်စု လွှတ်တော်၏အတည်ပြုချက်ရယူရန်မလိုဘဲ ချုပ်ဆိုခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်းတို့ကို ဆောင် ရွက်ရန် နိုင်ငံတော် သမ္မတအား လုပ်ပိုင်ခွင့်လွှဲအပ်နိုင်သည်။