တရားရုံးက သင့်သည်ဟုထင်မြင်လျှင် မည်သည့်နေရာ သို့မဟုတ် ထိုနေရာ၏ အစိတ်အပိုင်း တွင်သာ ရှာဖွေရမည် သို့မဟုတ် ကြည့်ရှုစစ်ဆေးရမည်ဟူ၍ ဝရမ်းတွင် သီးခြားဖော်ပြနိုင်သည်။ ထို့ပြင် အဆိုပါ ဝရမ်းကို အတည်ပြုရန် တာဝန်ပေးအပ်ခြင်းခံရသူသည် ထိုကဲ့သို့ သီးခြား ဖော်ပြ ထားသည့်နေရာ သို့မဟုတ် နေရာ၏အစိတ်အပိုင်းကိုသာ ရှာဖွေရမည် သို့မဟုတ် ကြည့်ရှုစစ်ဆေး ရမည်။