(၁) နိုင်ငံတော်သမ္မတသည် မိမိကဖြစ်စေ၊ မိမိလက်အောက်ရှိ အရာရှိ တစ်ဦးတစ်ယောက်ကဖြစ်စေ မည်သူ့အားမဆို ဤဥပဒေအရ အပ်နှင်းထားသည့် အာဏာများ အားလုံးကို ဖြစ်စေ၊ အာဏာ တစ်ခုခုကိုဖြစ်စေ ရုပ်သိမ်းနိုင်သည်။
(၂) ခရိုင်ရာဇဝတ်တရားသူကြီးက အပ်နှင်းထားသည့် မည်သည့် အာဏာကိုမဆို ယင်း ခရိုင် ရာဇဝတ် တရားသူကြီးက ရုပ်သိမ်းနိုင်သည်။