၁၃၁။ မည်သူမဆို တပ်မတော်တွင် အမှုထမ်းဆောင်သော တပ်မတော်သားတစ်ဦးဦး ( * * *) က စစ်ပုန်ကန်မှုကျူးလွန်ခြင်းကို အားပေးကူညီလျှင် သို့မဟုတ် ထိုတပ်မတော်သားအား နိုင်ငံတော် သစ္စာစောင့်သိမှုကို ဖောက်ဖျက်စေခြင်းငှာသော်လည်းကောင်း၊ တာဝန်ဝတ္တရား မဆောင်ရွက်စေခြင်းငှာ သော်လည်းကောင်း သွေးဆောင်ဖြားယောင်းရန် အားထုတ်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။