ပုဒ်မ ၁၅၈
ပုဒ်မ ၁၅၈
ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌သို့မဟုတ် ရုန်းရင်းဆန်ခတ်ပြုမှု၌ ပါဝင်စေရန်သော်လည်းကောင်း၊ လက်နက်ဆောင်လျက် သွားရန်သော်လည်းကောင်း အငှားခံခြင်း

မည်သူမဆို ပုဒ်မ ၁၄၁ တွင် သီးခြားဖော်ပြထားသော ပြုလုပ်မှုတစ်ခုခုကို ပြုရန်ဖြစ်စေ၊ ပြုရာတွင် ကူညီရန်ဖြစ်စေ ရယူခြင်းသော်လည်းကောင်း၊ ငှားရမ်းခြင်းသော်လည်းကောင်းခံလျှင် သို့မဟုတ် ငှားရမ်းခံရခြင်းအတွက် သော်လည်: ကောင်း၊ ရယူခံရခြင်းအတွက်သော်လည်းကောင်း ကမ်းလှမ်းလျှင် သို့မဟုတ် အားထုတ်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ထို့ပြင် အထက်ဆိုခဲ့သည့်အတိုင်း ရယူခြင်းကိုသော်လည်းကောင်း၊ ငှားရမ်းခြင်းကိုသော်လည်းကောင်း ခံသူကသေစေလောက်သော လက်နက်တစ်ခုခုကိုဖြစ်စေ၊ ရန်မူသော လက်နက်အဖြစ်ဖြင့်အသုံးပြုလျှင် သေစေတန်ရာသော အရာဝတ္ထုတစ်ခုခုကိုဖြစ်စေ ဆောင်လျက်သွားလျှင် သို့မဟုတ် ထိုသို့ ဆောင်လျက် သွားရန် ကမ်းလှမ်းလျှင် သို့မဟုတ် ထိုသို့ဆောင်လျက်သွားရန် တာဝန်ယူလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။



ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. လက်နက်စွဲကိုင်လျက်သွားလာရန် မဟုတ်လျှင် ဦးစွာ သမ္မ့န်စာ ထုတ်ဆင့်ရပြီး လက်နက်ကိုင်၍ သွားလာရန် အငှားခံရလျှင် ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးနိုင်သည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။