တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် မည်သည့်ဒုတိယအယူခံမှုတွင်မဆို အမှုတွဲရှိ သက်သေခံချက်မှာ လုံလောက်လျှင် အယူခံမှုကို ပြီးပြတ်အောင် စီရင်ရန်လိုအပ်ပြီး အောက်အယူခံရုံးက အဆုံးအဖြတ် မပြု ခဲ့သော သို့မဟုတ် ပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသည့် တရားဥပဒေနှင့် ဆန့်ကျင်ခြင်း၊ ပျက်ကွက်ခြင်း၊ မှားယွင်းခြင်း၊ သို့မဟုတ် ချွတ်ယွင်းခြင်း တစ်ရပ်ရပ်ကြောင့် အဆိုပါ တရားရုံးက မှားယွင်းအဆုံးအဖြတ်ပြုထားသော မည်သည့်အကြောင်းခြင်းရာ ငြင်းချက်ကိုမဆို အဆုံးအဖြတ် ပြုနိုင်သည်။ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် တရားလွှတ်တော်ကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ဖြင့် အစားထိုးပြင်ဆင်ထားသည်။)