ပုဒ်မ ၁၂၉
ပုဒ်မ ၁၂၉
ပြည်သူ့ဝန်ထမ်း၏ ပေါ့လျော့မှုကြောင့် နိုင်ငံရေးအကျဉ်းသား သို့မဟုတ် စစ်သုံ့ပန်းကို လွတ်ပြေးစေခြင်း

မည်သူမဆို ပြည်သူ့ဝန်ထမ်းဖြစ်သည့်အလျောက် နိုင်ငံရေးအကျဉ်းသားကိုဖြစ်စေ၊ စစ်သုံ့ပန်းကိုဖြစ်စေ ထိန်းသိမ်းထားသည်တွင် ထိုအကျဉ်းသားကို သို့မဟုတ် ထိုစစ်သုံ့ပန်းကို ချုပ်ထားရာနေရာမှ ဝတ္တရားပေါ့လျော့မှုကြောင့် လွတ်ပြေးစေလျှင် ထိုသူကို သုံးနှစ်ထိ အလုပ်မဲ့ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။


ကျင့်ထုံး


  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။