(၁) တရားလွှတ်တော်တွင် စစ်ဆေးစီရင်မှုများ၌ ဂျူရီတွင် ပုဂ္ဂိုလ်ကိုးဦးပါဝင်ရမည်။
(၂) နိုင်ငံတော်သမ္မတ၏အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် မည်သည့် ခရိုင်တွင်မဆို၊ သို့မဟုတ် ထိုခရိုင်အတွင်း သတ်မှတ်ထားသည့် မည်သည့်ပြစ်မှုအမျိုးအစားများကိုမဆို စက်ရှင်တရားရုံး၌ ဂျူရီနှင့်စစ်ဆေးစီရင်သည့် အမှုများတွင် ဂျူရီတွင် ငါးဦးထက်မနည်း ကိုးဦးထက်မပိုသော မဂဏန်း အရေအတွက်ရှိစေရမည်ဟု နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်။
သို့ရာတွင် တရားခံကို သေဒဏ်ထိုက်သောပြစ်မှုနှင့် စွဲချက်တင်ထားလျှင် ဂျူရီတွင် ပုဂ္ဂိုလ်ခုနစ်ဦးထက်မနည်း ပါဝင်စေရမည်။