ပုဒ်မ ၉၇
ပုဒ်မ ၉၇
အကြောင်းခြင်းရာနှစ်မျိုးနှစ်စားရှိသည့်အနက်မည်သည့်အကြောင်းခြင်းရာမျိုးနှင့်သက်ဆိုင်သည်ဟု မှန်ကန်စွာကောက်ယူ၍ မရနိုင်သောအရေးအသားသည်မည်သည့် အကြောင်းခြင်းရာမျိုးနှင့် သက်ဆိုင် ကြောင်းသက်သေခံချက်

စာချုပ်စာတမ်းတွင်ပါရှိသော အရေးအသားသည် တစ်စိတ်တစ်ဒေသအားဖြင့် တည်ရှိနေသည့် အကြောင်းခြင်းရာ တစ်မျိုးတစ်စားနှင့်သက်ဆိုင်၍ တစ်စိတ်တစ်ဒေသအားဖြင့် တည်ရှိနေသည့်အခြားအကြောင်းခြင်းရာတစ်မျိုးတစ်စားနှင့် သက်ဆိုင်သော်လည်းထိုအရေးအသားတစ်ရပ်လုံးသည် ထို အကြောင်းခြင်းရာနှစ်မျိုးနှစ်စားအနက် မည်သည့် အကြောင်းခြင်းရာမျိုးနှင့် သက်ဆိုင်သည်ဟုမှန်ကန် စွာကောက်ယူ၍ မရလျှင် ထိုအရေးအသားကိုမည်သည့်အကြောင်းခြင်းရာမျိုးနှင့်သက်ဆိုင်စေရန် ရည် ရွယ်ကြောင်းပေါ်လွင်အောင် သက်သေခံတင်ပြနိုင်သည်။

ဥပမာ

A က “X ဒေသတွင်ရှိသောမြေသည် Y နေထိုင်လျက်ရှိကြောင်း” B အားရောင်းရန် သဘောတူညီခဲ့ပါ သည်။ သို့ရာတွင် A တွင် X ဒေသ၌မြေရှိသော်လည်း Y နေထိုင်ခြင်းမရှိချေ။ ထို့ပြင်သူ့တွင် Y နေထိုင် သော အိမ်ရှိသော်လည်း X ဒေသ၌မရှိချေ။ ထိုမြေနှစ်ကွက်အနက်မည်သည့် မြေကွက်ကို ရောင်းချရန် ဖြစ်ကြောင်း သက်သေခံတင်ပြနိုင်သည်။