ပုဒ်မ ၁၄၀
ပုဒ်မ ၁၄၀
တပ်မတော်သားအသုံးပြုသော စစ်ဝတ်တန်ဆာကိုဝတ်ဆင်ခြင်း သို့မဟုတ် စစ်သုံးအမှတ်အသားကို ကိုင်ဆောင်ခြင်း

မည်သူမဆို တပ်မတော်တွင် အမှုထမ်းဆောင်သော တပ်မတော်သားမဟုတ်ဘဲ (* * *) မိမိကိုယ်ကို တပ်မတော်သားဟု ယုံကြည်စေရန် ကြံရွယ်ချက်ဖြင့် တပ်မတော်သား၏ စစ်ဝတ်တန်ဆာနှင့် သဏ္ဌာန် တူသောအဝတ်တန်ဆာကို ဝတ်ဆင်လျှင်ဖြစ်စေ၊ စစ်သုံးအမှတ်အသားနှင့် သဏ္ဌာန်တူသော အမှတ် အသားကို ကိုင်ဆောင်လျှင်ဖြစ်စေ ထိုသူကို သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။