ပုဒ်မ ၉
ပုဒ်မ ၉
ဂ။ တရားရုံးများနှင့် ရုံးများ ၊ စက်ရှင်တရားရုံး

(၁) နိုင်ငံတော်သမ္မတသည် စက်ရှင် တိုင်းအသီးသီးအတွက် စက်ရှင်တရားရုံး တစ်ရုံးစီ တည်ထောင် ရမည့်အပြင် ထိုတရားရုံးအတွက် တရားသူကြီး တစ်ဦးစီ ခန့်ထားရမည်။

(၂) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ပြန်တမ်းတွင် ယေဘုယျ သိုမဟုတ် အထူးအမိန့်ဖြင့် မည်သည့်နေရာ သိုမဟုတ် နေရာများတွင် စက်ရှင်တရားရုံး ရုံးထိုင်ရန် ညွှန်ကြား နိုင်သည်။ သိုသော် ဤကဲ့သို အမိန့်ထုတ်ဆင့်ခြင်း မရှိမီ စက်ရှင်တရားရုံးများသည် ၎င်းတို့ မူလ ထိုင်သည့် နေရာများ၌ ဆက်လက်ထိုင်ရမည်။

(၃) နိုင်ငံတော်သမ္မတသည် စက်ရှင်တိုင်း တစ်နေရာတွင်ဖြစ်စေ၊ အများတွင်ဖြစ်စေ စက်ရှင် စီရင်ပိုင်ခွင့် အာဏာကို သုံးစွဲနိုင်ရန် တွဲဖက် စက်ရှင်တရားသူကြီးများနှင့် လက်ထောက် စက်ရှင်တရားသူကြီး များကိုလည်း ခန့်ထားနိုင်သည်။

(၄) နိုင်ငံတော်သမ္မတက စက်ရှင်တိုင်းတစ်ခု၏ စက်ရှင်တရားသူကြီးတစ်ဦးကို တခြားတိုင်း တွင် တွဲဖက် စက်ရှင်တရားသူကြီးအဖြစ် ခန့်ထားနိုင်သည်။ ယင်းသိုခန့်ထားပါက ထို တရားသူကြီးသည် တိုင်းအသီးသီးရှိ နေရာများအနက် နိုင်ငံတော်သမ္မတက သတ်မှတ် ညွှန်ကြားသည့်နေရာ သိုမဟုတ် နေရာများတွင် အမှုများကို စစ်ဆေးနိုင်သည်။