ပုဒ်မ ၂(ဌ)
ပုဒ်မ ၂(ဌ)
သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများ

သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများ ဆိုသည်မှာ ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ မဟုတ်သည့် ပေးချေမှုများဖြစ်ပြီး ယင်းစကားရပ်တွင် အောက်ပါတို့ ပါဝင်သည်-

(၁) ကုန်သွယ်မှု၊ ဝန်ဆောင်မှုအပါအဝင် သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများနှင့်ကာလတို ဘဏ်ချေးငွေ များအတွက် ပေးချေမှုများ၊

(၂) ချေးငွေအပေါ်ပေးရသည့် အတိုးများနှင့် ရင်းနှီးမြှုပ်နှံမှုမှ အသားတင်ဝင်ငွေများ၊

(၃) ချေးငွေအတွက် အရစ်ကျ ပြန်လည်ပေးဆပ်မှုများ သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် တန်ဖိုးလျော့ခြင်း များ၊

(၄) မိသားစုနေထိုင်မှုစရိတ်အတွက် ပြည်တွင်း သို့မဟုတ် ပြည်ပမှ ငွေလွှဲပေးပို့မှုများ။