ပုဒ်မ ၁၄၉
ပုဒ်မ ၁၄၉
ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများကို ရဲတပ်ဖွဲ့တို့က ကြိုတင်ကာကွယ်ရန်

ရဲအရာရှိတိုင်းသည် ကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ကြားဝင်ဆောင်ရွက်နိုင်သည့်အပြင် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်မည့်အရေးကို မိမိစွမ်းဆောင်နိုင်သမျှ ကြိုတင်ကာကွယ် ရမည်။