ပုဒ်မ ၂၀၆
ပုဒ်မ ၂၀၆
စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ ပိုင်ခွင့်အာဏာ

(၁) မည်သည့် ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် အမှုတွင် သမ္မတက ဤကိစ္စ အလို့ငှာ အာဏာအပ်နှင်းသည့်(တတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီး မဟုတ်သူ) မည်သည့် ရာဇဝတ်တရားသူကြီးကမဆို စက်ရှင်ရုံး၊ သို့မဟုတ် တရားလွှက်တော်၌ စစ်ဆေးစီရင် ပိုင်သည့် ပြစ်မှုကျူးလွန်သူကို စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ နိုင်သည်။

(၂) သို့သော်လည်း ဥပဒေ၌ အခြားနည်း ပြဋ္ဌာန်းပါရှိသည်မှ တစ်ပါး စက်ရှင်ရုံးကစစ်ဆေးစီရင်ပိုင်သူ မည်သူကိုမျှ စစ်ဆေးစီရင်ရန်အတွက် တရားလွှတ်တော်သို့ လွှဲအပ် တင်ပို့ခြင်းမရှိစေရ။