ပုဒ်မ ၇၃
ပုဒ်မ ၇၃
ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်များကို အဆုံးအဖြတ်ပေးခြင်း

ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်သည် ယင်း၏ ရွေးကောက်ပွဲကိုယ်စား လှယ်မဟုတ်သော အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ ပယောဂကြောင့် တရားမဲ့ပြုကျင့်မှုတစ်ခုခုအတွက် အပြစ် ရှိသည်ဟု ရွေးကောက်ပွဲခုံအဖွဲ့က အစီရင်ခံရာတွင် အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်ကြောင်း ထင်မြင်ယူဆပါက ထို လွှတ်တော်ကိုယ်စားလှယ်အား ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် မပျက်ပြယ် ဟု ကော်မရှင်က ဆုံးဖြတ်နိုင်သည် -

(က) လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ယင်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့၏ သဘောတူခွင့် ပြုချက်မရှိဘဲ ကျူးလွန်ခဲ့သော တရားမဲ့ပြုကျင့်မှုဖြစ်ခြင်း၊

(ခ) လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ယင်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲ ကျင်းပရာတွင် တရားမဲ့ပြုကျင့်မှုများကို မပြုစေရန် တတ်အားသရွေ့ တားဆီးဆောင်ရွက်ခဲ့ခြင်း၊

(ဂ) တရားမဲ့ပြုကျင့်မှုများသည် ရွေးကောက်ပွဲကို ထိခိုက်ခြင်း မရှိသော သေးနုပ် အရာမရောက်သည့် ပြုကျင့်မှု ဖြစ်ခြင်း၊

(ဃ) ရွေးကောက်ပွဲသည် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ် များ၏ တရားမဲ့ပြုကျင့်မှု ကင်းရှင်းသည်ဟု ပေါ်ပေါက်ခြင်း။