ပုဒ်မ ၂၉၉
ပုဒ်မ ၂၉၉
ဂျူရီ၏ တာဝန်ဝတ္တရားများ

ဂျူရီ၏ တာဝန်ဝတ္တရားများမှာ –

(က) အကြောင်းခြင်းရာများအပေါ် မည်သည့် ထင်မြင်ယူဆချက်သည် မှန်ကန်ကြောင်း ဆုံးဖြတ်ပြီးလျှင် ထိုထင်မြင်ယူဆချက်နှင့်အညီ တရားသူကြီး၏ ညွှန်ကြားချက်အရ ဆုံးဖြတ်ရမည့်အတိုင်း ဆုံးဖြတ်ချက် ပေးပို့ရမည်၊

(ခ) (ဥပဒေစကားရပ်များမှအပ) သီးခြားအဓိပ္ပာယ်ရှိသော စကားရပ်များ၏ အဓိပ္ပာယ်နှင့် ဆုံးဖြတ်သတ်မှတ်ရန်လိုအပ်သော ထူးခြားသော အဓိပ္ပာယ်နှင့် သုံးထားသည့် စကားလုံးများသည် စာတမ်းအမှတ်အသား များတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ထိုစကားလုံးများကို ဆုံးဖြတ် သတ်မှတ်ရန်ဖြစ်သည်၊

(ဂ) အကြောင်းခြင်းရာပြဿနာဟူ၍ ဥပဒေအရ မှတ်ယူရမည့်ပြဿနာများကို ဆုံးဖြတ်ရန်ဖြစ်သည်၊

(ဃ) မသေချာသော ဖော်ပြချက်များသည် ဥပဒေနှင့်ဆိုင်သည့်ကျင့်ထုံးကို ကိုးကားခြင်း၊ သို့မဟုတ် မသေချာသောဖော်ပြချက်များ၏အဓိပ္ပာယ်သည် ဥပဒေအရ ထင်ရှားပြီးဖြစ်ခြင်းစသည့် ကိစ္စရပ်များမှတစ်ပါး အခြားသော မသေချာသော ဖော်ပြချက်များသည် သီးခြားသတ် မှတ်ထားသော အမှုများနှင့် သက်ဆိုင်သည်၊ မသက်ဆိုင်သည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။ ထိုမသေချာသော ဖော်ပြချက်များသည် လုပ်ထုံးလုပ်နည်း ဖြစ်ခြင်း၊ မသေချာသော ဖော်ပြချက်များ၏ အဓိပ္ပာယ်သည် ဥပဒေအရ ထင်ရှားပြီးဖြစ်ခြင်းစသည့် ကိစ္စရပ်များ၏ အဓိပ္ပာယ်များကို တရားသူကြီးက ဆုံးဖြတ်ရန်ဖြစ်သည်။

ဥပမာများ

(က) A သည် B ကို သတ်မှုအတွက် စစ်ဆေးခြင်းခံရသည်။ တရားသူကြီးသည် လူသတ်မှုနှင့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သည့် လူသေမှုတို့၏ ခြားနားချက်ကို ဂျူရီအား ရှင်းလင်းပြရမည့်အပြင် မည်သည့်အကြောင်းခြင်းရာ ထင်မြင်ချက်အရ A အား လူသတ်မှုနှင့် ပြစ်မှုထင် ရှားစီရင်ရန်၊ သို့မဟုတ် ရာဇဝတ်ပြစ်ဒဏ်ထိုက်သည့်လူသေမှုနှင့် ပြစ်မှုထင်ရှားစီရင်ရန်၊ သို့မဟုတ် အမှုမှအပြီးအပြတ် လွှတ်ရန် ဂျူရီအားပြောကြားရန် တာဝန်ဝတ္တရားရှိသည်။

အကြောင်းခြင်းရာများအပေါ် မည်သည့်ထင်မြင်ယူဆချက်များသည် မှန်ကန်ကြောင်း ဆုံးဖြတ်ပြီးလျှင် တရားသူကြီး၏ ညွှန်ကြားချက်နှင့်အညီ ထိုညွှန်ကြားချက် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဂျူရီများက ထိုညွှန်ကြားချက်ကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆုံးဖြတ်ချက်ပေးပို့ရန်မှာ ဂျူရီ၏တာဝန်ဝတ္တရားဖြစ်သည်။

(ခ) လူတစ်ဦးတစ်ယောက်သည် သီးခြားအချက်တစ်ခုနှင့် စပ်လျဉ်း၍ လုံလောက်သည့် ယုံကြည်မှုထားရှိခြင်း ရှိ မရှိဆိုသည့်ပြဿနာ၊ အလုပ်တစ်ခုကို လုံလောက်သည့်ကျွမ်းကျင်မှု၊ သို့မဟုတ် ထိုက်သင့်သောသတိဝိရိယဖြင့် ဆောင်ရွက်ခြင်း ဟုတ်မဟုတ် ဆိုသည့် ပြဿနာ၊