ပုဒ်မ ၄၁၅
ပုဒ်မ ၄၁၅
ပုဒ်မ ၄၁၃ နှင့် ပုဒ်မ ၄၁၄ တို့တွင် ခြွင်းချက်

ပုဒ်မ ၄၁၃ တွင် ဖြစ်စေ၊ ပုဒ်မ ၄၁၄ တွင် ဖြစ်စေ ဖော်ပြပါရှိသော ပြစ်ဒဏ် နှစ်ရပ်ကိုသော်လည်းကောင်း၊ ထိုထက်ပိုသော ပြစ်ဒဏ်များကိုခသာ်လည်းကောင်း စုပေါင်း၍ စီရင်သည့် ၎င်းပုဒ်မတွင် ရည်ညွှန်းပါရှိသော မည်သည့် ပြစ်ဒဏ်ကိုမဆို အယူခံနိုင်သည်။ သို့သော်လည်း အခြားအချက်ကြောင့် ပြစ်ဒဏ်ကို အယူခံမဝင်နိုင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရသူ သည် ငြိမ်ဝပ်စွာနေထိုင်ရေးအတွက် အာမခံပေးရန် ဆင့်ဆိုခြင်းခံရရုံမျှနှင့်၎င်းပြစ်ဒဏ်ကို အယူခံ ဝင်ခွင့်မရှိစေရ။

ရှင်းလင်းချက် – ငွေဒဏ်ပျက်ကွက်သည့်အတွက် ချမှတ်သည့် ထောင်ဒဏ်စီရင်ချက်မှာ ဤပုဒ်မအဓိပ္ပာယ်အရ ပြစ်ဒဏ်နှစ်ရပ်ကိုဖြစ်စေ၊ အများကိုဖြစ်စေ ပူးပေါင်း၍ စီရင်သည့် ပြစ်ဒဏ် စီရင်ချက်မဟုတ်။