ဥပဒေအရ အာဏာအပ်နှင်းခြင်းမခံရသော ရာဇဝတ်တရားသူကြီးတစ်ဦးဦးသည် အောက်တွင်ပါရှိသည့် အမှုကိစ္စတစ်ရပ်ရပ်ကို သဘောရိုးဖြင့် မှားယွင်း၍ပြုလုပ်မိလျှင် ဆိုခဲ့သည့် အာဏာအပ်နှင်းခြင်းမခံရသည့် အကြောင်းမျှနှင့် ၎င်း၏ မှုခင်းကိစ္စ ဆောင်ရွက်ချက်များကို ပယ်ဖျက်ခြင်း မရှိစေရ –
(က) ပုဒ်မ ၉၈ အရ ရှာဖွေဝရမ်းထုတ်ဆင့်မှု၊
( ခ ) ပုဒ်မ ၁၅၅ အရ ပြစ် မှ တစ် ရပ် ကို စုံ စမ်း ထောက် လှမ်း စေ ရန် ရဲအရာရှိအား အမိန့်ပေးမှု၊
( ဂ ) ပုဒ်မ ၁၇၆ အရ သေမှုသေခင်း၏ အခြင်းအရာတစ်ခုကို စစ်ဆေး မေးမြန်းမှု၊
(ဃ) သက်ဆိုင်ရာ စီရင်ပိုင်ခွင့် အာဏာနယ်မြေ ပြင်ပတွင် ပြစ်မှုတစ်ရပ် ကျုးလွန်သူအားမိမိ၏စီရင်ပိုင်ခွင့်အာဏာနယ်မြေအတွင်း၌ဖမ်းဆီးရန် ပုဒ်မ ၁၈၆ အရ အမိန့်ဆင့်စာထုတ်ဆင့်မှ၊
(င) ပုဒ်မ ၁၉၀၊ ပုဒ်မခွဲ(၁) အပိုဒ်(က)၊ သို့မဟုတ် အပိုဒ် (ခ) အရ ပြစ်မှုတစ်စုံတစ်ရာကို အရေးယူမှု၊
( စ ) ပုဒ်မ ၁၉၂ အရ အမှုတစ်ခုကို လွှဲပြောင်းပေးမှု၊
(ဆ) ပုဒ်မ ၃၃၇၊ သို့မဟုတ် ပုဒ်မ ၃၃၈ အရ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု၊
( ဇ ) ပုဒ်မ ၅၂ ၄၊ သို့မဟုတ် ပုဒ်မ ၅၂ ၅ အရ ပစ္စည်းကိုရောင်းချမှု၊ သို့မဟုတ်
(ဈ) ပုဒ်မ ၅၂ဂ အရ အမှုတစ်ခုကို ရုပ်သိမ်း၍ ကိုယ်တိုင် စစ်ဆေး စီရင်မှု။