နိုင်ငံတော်အာဏာလွှဲအပ်ခြင်းခံရသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ဥပဒေပြုရေးအာဏာကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်တိုင် ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်သည်။ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို သင့်လျော်သည့်အဖွဲ့အစည်းတစ်ရပ်ရပ်ကိုဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော် သည့်ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ကျင့်သုံးဆောင်ရွက်စေနိုင်သည်။