ဤဥပဒေတွင် ရှေ့နောက်ဆက်စပ်နေသော စကားရပ်များကိုထောက်ချင့်၍ ဆန့်ကျင်သော အဓိပ္ပာယ် ပေါက်စေရန် ရည်ရွယ်ချက်ရှိသည်ဟု မပေါ်ပေါက်လျှင် အောက်ပါစကားရပ်များကို ဖော်ပြပါအဓိပ္ပာယ် အတိုင်းအသုံးပြုထားသည်။
(က) “စာတမ်းအမှတ်အသား” ဆိုသည့်စကားရပ် အဓိပ္ပာယ် ဖွင့်ဆိုချက်၏ နောက်တွင် “ဤအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အီလက်ထရောနစ်မှတ်တမ်းနှင့် သတင်းအချက်အလက်များ အကျုံးဝင်စေရမည်”ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
(ခ) “စာတမ်းအမှတ်အသား”ဆိုသည့် စကားရပ်၏ ဥပမာကို အောက်ပါအတိုင်း အစားထိုးရမည်။
“ဥပမာများ”
(၁) မြေပုံ၊ ပုံစံပြမြေပုံ၊ ဇယား သို့မဟုတ် ရုပ်ပုံကားချပ်၊
(၂) ဓာတ်ပုံ၊
(၃) အမှတ်တံဆိပ်၊ အမှတ်အသား သို့မဟုတ် မည်သည့် နည်းဖြင့်မဆို တွဲဖက်ထားသော သို့မဟုတ် အစိတ် အပိုင်းတစ်ခုခုတွင် ဖော်ပြထားသော သို့မဟုတ် ထင်ရှားအောင် ဖော်ပြထားသော အခြား ရေးသားထားချက်များ။
(၄) (မျက်လုံးဖြင့် တွေ့မြင်နိုင်ခြင်း မရှိသည့်) အသံ သို့မဟုတ် အခြားသော အချက်အလက်များကို ထည့်သွင်းထားသဖြင့် အခြားပစ္စည်းကိရိယာ အကူအညီဖြင့်ဖြစ်စေ၊ အကူအညီမပါဘဲဖြစ်စေ ယင်းမှ ပြန်လည်ဖော်ထုတ်ယူနိုင်သော ဓာတ်ပြား (disc)၊ တိတ်ခွေ (tape)၊ အသံနှောလမ်းကြောင်း (sound track)
(၅) မြင်တွေ့နိုင်သည့် ရုပ်ပုံတစ်မျိုးမျိုးကို ထည့်သွင်းထား သဖြင့် အခြားပစ္စည်းကိရိယာ အကူအညီနှင့်ဖြစ်စေ၊ အကူအညီမပါဘဲဖြစ်စေ၊ ယင်းမှ ပြန်လည်ထုတ်ယူ နိုင်သော ဖလင် (film) (မိုက်ခရိုဖလင် အပါအဝင်)၊ နဂ္ဂတစ် (negative)၊ တိပ် (tape)၊ ဓာတ်ပြား (disc)၊ သို့မဟုတ် အခြားကိရိယာ၊
(၆) အမှတ်အသားများ၊ ဖော်ပြချက်များ၊ ကိန်းဂဏန်း များ၊ အက္ခရာများ၊ သို့မဟုတ် သိရှိနိုင်သူက အဓိပ္ပာယ်ဖော်ကြည့်နိုင်သော အပေါက်များပါရှိသည့် မည်သည့် စက္ကူ သို့မဟုတ် အခြားပစ္စည်း၊
(၇) သတင်းအချက်အလက်စနစ်တစ်ရပ်တွင်၊ သို့တည်း မဟုတ် သတင်းအချက်အလက်စနစ် တစ်ခုမှ အခြား တစ်ခုသို့ ထုတ်လွှင့်ရာတွင် အီလက်ထရောနစ်နည်း အားဖြင့်ဖြစ်စေ၊ သံလိုက်အားဖြင့်ဖြစ်စေ၊ အလင်း
တန်းဖြတ်သန်းခြင်းနည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ ထုတ်လုပ်ထားသည့်၊ ဆက် သွယ်ထားသည့်၊ လက်ခံထားသည့် သို့မဟုတ် သိမ်း ဆည်းထားသည့် မှတ်တမ်း၊
( ဂ ) သက်သေခံအက်ဥပဒေ ပုဒ်မ ၃ တွင် ပါရှိသော “စာတမ်း အမှတ်အသား”ဆိုသည့် စကားရပ် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ဥပမာတို့၏ နောက်တွင် “စာတမ်းအမှတ်အသားမိတ္တူ”ဆို သည့် စကားရပ် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“စာတမ်းအမှတ်အသားမိတ္တူ”ဟုဆိုရာတွင် အောက်ပါတို့ ပါဝင်သည် -
(၁) “စာတမ်းအမှတ်အသား” ဟူသည်၏ အနက် အဓိပ္ပာယ်ကို ဖော်ဆောင်သည့် အထက်ပါဥပမာ၏ အပိုဒ် (၄)တွင် အကျုံးဝင်သည့် စာတမ်းအမှတ် အသားနှင့် စပ်လျဉ်း၍၊ အသံ သို့မဟုတ် အခြား အချက်အလက်တို့မှ ပုံဖော်ကူးယူဖော်ပြချက် (transcripts)
(၂) အပိုဒ် (၅)တွင် ဖော်ပြထားသည့် အဆိုပါ အဓိပ္ပာယ် ဖွင့်ဆိုချက်အတွင်း ကျရောက်သည့် စာတမ်းအမှတ် အသားနှင့် စပ်လျဉ်း၍၊ ယင်းတွင် ပါဝင်ထည့်သွင်း ထားသည့် ရုပ်ပုံ သို့မဟုတ် ရုပ်ပုံများကို ပုံကြီးချဲ့ သည်ဖြစ်စေ၊ မချဲ့သည်ဖြစ်စေ ပုံတူကူးထားခြင်း သို့မဟုတ် ရုပ်ပုံသေအဖြစ် ပြန်လည်ပုံတူကူးထား : (still reproduction)
(၃) အပိုဒ် (၄)နှင့် (၅)တို့တွင် ဖော်ပြထားသည့် အဆိုပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း ကျရောက်သည့် စာတမ်းအမှတ်အသားနှင့် စပ်လျဉ်း၍၊ ရုပ်ပုံသေ အဖြစ် ပုံတူကူးထားခြင်း (still reproduction) ပါဝင်သည့် အဆိုပါပုံဖော်ကူးယူချက် (transcript)၊
(၄) အပိုဒ် (၅)ပါ အဓိပ္ပာယ်ကို ဖွင့်ဆိုချက်အတွင်း ကျ ရောက်မှု မရှိသော်လည်း၊ အဆိုပါ စာပိုဒ်အတွင်း ဖော်ပြပါရှိပြီး မြင်တွေ့နိုင်သည့် ရုပ်ပုံပါရှိနေသော စာတမ်းအမှတ်အသား တစ်ရပ်ရပ်ဖြစ်လျှင် အဆိုပါ ပုံကို ပုံကြီးချဲ့သည်ဖြစ်စေ၊ မချဲ့သည်ဖြစ်စေ ပုံတူကူးယူထားခြင်း။
တရားရုံး။
“တရားရုံး” ဆိုသောစကားရပ်တွင် တရားမတရားသူကြီးများ၊ ရာဇဝတ်တရားသူကြီးများ၊ တရား ဥပဒေနှင့်အညီ သက်သေခံချက်ရယူနိုင်သော ပုဂ္ဂိုလ်အားလုံးပါဝင်သည်။ သို့ရာတွင် ခုံသမာဓိ လူကြီးများမပါဝင်ချေ။
အကြောင်းခြင်းရာ။
“အကြောင်းခြင်းရာ”ဆိုသည်မှာ-
(၁) အာရုံဖြင့်သိမြင်နိုင်သောအရာများ သို့မဟုတ် ထိုအရာများ၏အခြေအနေ သို့မဟုတ် အရာတစ်ခုနှင့် ဆက်သွယ်ခြင်းများနှင့်
(၂) မည်သူမဆိုသိရှိနိုင်သော စိတ်၏အခြေအနေများပါဝင်သည်။
ဥပမာများ
(က)တစ်စုံတစ်ရာသော ပစ္စည်းများသည် တစ်စုံတစ်ရာသော အစီအစဉ်အတိုင်း၊ တစ်စုံတစ်ခုသောအရပ် ၌ရှိခြင်းသည်အကြောင်းခြင်းရာဖြစ်သည်။
(ခ) တစ်ဦးတစ်ယောက်သောသူက တစ်စုံတစ်ရာကို ကြားရခြင်း သို့မဟုတ် မြင်ရခြင်းသည် အ ကြောင်းခြင်းရာဖြစ်သည်။
(ဂ) တစ်ဦးတစ်ယောက်သော သူက တစ်စုံတစ်ရာသော စကားကိုပြောဆိုခြင်းသည်အကြောင်းခြင်းရာ ဖြစ်သည်။
(ဃ) တစ်ဦးတစ်ယောက်သောသူမှာ တစ်စုံတစ်ခုသော ထင်မြင်ချက်ရှိခြင်း၊ တစ်စုံတစ်ခုသော အကြံ အစည်ရှိခြင်း၊ သဘောရိုးဖြင့် သို့မဟုတ် လိမ်လည်လှည့်ဖြားသော သဘောဖြင့် ပြုမှုခြင်း၊ တစ်စုံတစ်ရာ သော အဓိပ္ပာယ်ကို ရည်ရွယ်၍ တစ်စုံတစ်ခုသော စကားကို သုံးစွဲခြင်း၊ တစ်စုံတစ်ခုသောအချိန်တွင် တစ်စုံတစ်ခုသောအာရုံကို သိရှိခံစားရခြင်း၊ သိရှိခံစားဖူးခြင်းတို့သည် အကြောင်းခြင်းရာများဖြစ်သည်။
(င) တစ်ဦးတစ်ယောက်သောသူမှာ တစ်စုံတစ်ရာသော ကျော်ဇောသတင်းရှိခြင်းသည် အကြောင်းခြင်း ရာဖြစ်သည်။
စပ်ဆိုင်ခြင်း။
ဤဥပဒေ၌ အကြောင်းခြင်းရာများ စပ်ဆိုင်ပုံနှင့် စပ်လျဉ်း ၍ ဖော်ပြထားသည် ဖြစ်ရာအကြောင်းခြင်းရာ တစ်ခုနှင့် အခြားအကြောင်း ခြင်းရာတစ်ခု ဆက်စပ်ပုံသည် ဤဥပဒေတွင်ဖော်ပြထားသည့်အတိုင်း ဆက်စပ်ခြင်းဖြစ်လျှင် ထိုအကြောင်းခြင်းရာသည် အဆိုပါအခြားအကြောင်းခြင်းရာနှင့် စပ်ဆိုင်သည်ဟု ဆိုရမည်။
အငြင်းထွက်အကြောင်းခြင်းရာ။
“အငြင်းထွက်အကြောင်းခြင်းရာ”ဆိုသည်မှာအကြောင်းခြင်းရာတစ်ခုခုဖြစ်စေ၊အခြားအကြောင်းခြင်းရာတစ်ခုနှင့်ဆက်သွယ်၍ဖြစ်စေ၊ တရားမမှုတစ်ခုခုတွင်သော်လည်းကောင်း၊ မှုခင်းကိစ္စတစ်ခုခုတွင်သော် လည်းကောင်း ရှိကြောင်းအဆိုရှိသည် သို့မဟုတ် မတည်ရှိကြောင်းငြင်းဆိုသည့် အခွင့်အရေးတာဝန် သို့မဟုတ် အရည်အချင်းချို့တဲ့မှုရှိ၊ မရှိ၊ ရှိလျှင်လည်း မည်သည့် အခွင့်အရေး၊ တာဝန် သို့မဟုတ် မစွမ်းဆောင်နိုင်ခြင်းမျိုးဖြစ်၍ မည်မျှရှိသည်ကို ပေါ်လွင်သိစေနိုင်တတ်သော အကြောင်းခြင်းရာပါဝင် သည်။
ရှင်းလင်းချက် ။ တရားမကျင့်ထုံးနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ တရားရုံးတစ် ခုခုက အကြောင်းခြင်းရာ ဆိုင်ရာငြင်းချက်ထုတ်သည့်အခါ၊ အဆိုပါငြင်းချက်ကို ဖြေဆိုရာတွင်၊ အခိုင်အမာထွက်ဆိုရမည့် သို့မဟုတ် ငြင်းဆိုရမည့် အကြောင်းခြင်းရာသည် အငြင်းထွက်အကြောင်းခြင်း ရာဖြစ်သည်။
ဥပမာများ
A သည် B ကိုသတ်သည့်လူသတ်မှုဖြင့်စွဲဆိုခံရသည်။
အမှုကို စစ်ဆေးစီရင်သည့်အခါ အငြင်းဖြစ်နိုင်သည့်အကြောင်းခြင်းရာများမှာ-
A က B ကိုသေစေကြောင်း၊
A က B ကိုသေစေရန် ကြံရွယ်ကြောင်း၊
A အား ရုတ်တရက် အကြီးအကျယ်ဒေါသဖြစ်စေရန် B က ပြုလုပ်ကြောင်း၊
A သည် B အား သေစေရန်ပြုလုပ်ချိန်ကစိတ်ပေါ့သွပ်သဖြင့် မိမိပြုလုပ်သောအမှုသည် မည်သို့သဘော ရှိသည်ကိုသိနိုင်စွမ်း မရှိကြောင်းတို့ဖြစ်သည်။
စာတမ်းအမှတ်အသား။
“စာတမ်းအမှတ်အသား” ဆိုသည်မှာအကြောင်းအရာ တစ်ခုကိုမှတ်သားရန်အလို့ငှာ၊ အသုံးပြုရန်ကြံ ရွယ်သည့် သို့မဟုတ် အသုံးပြုနိုင်သည့် အက္ခရာဖြင့်ဖြစ်စေ၊ ဂဏန်းဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထိုနည်းများအနက် တစ်နည်းထက်ပိုသော နည်းများဖြင့်ဖြစ်စေမည်သည့်အရာဝတ္ထုပေါ်တွင်မဆို ရေးသားထားသည့် သို့မဟုတ် ဖော်ပြသည့် အကြောင်းအရာတစ်ခုခုကိုဆိုလိုသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အီလက်ထရောနစ်မှတ်တမ်းနှင့် သတင်းအချက်အလက်များ အကျုံးဝင်စေရမည်။
ဥပမာများ
လက်ရေးစာသည် စာတမ်းအမှတ်အသားဖြစ်သည်။ပုံနှိပ်စာလုံးများ၊ ကျောက်ပုံနှိပ် စာလုံးများ၊ ဓာတ်ပုံရိုက်ထားသော စာလုံးများသည် စာတမ်းအမှတ် အသား ဖြစ်သည်။ မြေပုံ သို့မဟုတ် စနစ်ပုံသည် စာတမ်းအမှတ်အသားဖြစ် သည်။
သတ္တုပြား သို့မဟုတ် ကျောက်ပေါ်တွင် အက္ခရာတင်ထားသော စာသည်စာတမ်းအမှတ်အသားဖြစ်သည်။
ရယ်ဖွယ်ရုပ်ပုံသည် စာတမ်းအမှတ်အသားဖြစ်သည်။
သက်သေခံချက်။
“သက်သေခံချက်”ဆိုသည်မှာ-
(၁) စုံစမ်းစစ်ဆေးဆဲဖြစ်သော အကြောင်းအချက်များနှင့်စပ်လျဉ်း၍ တရားရုံးရှေ့တွင် ထိုတရားရုံး ၏ခွင့်ပြုချက် သို့မဟုတ် ညွှန်ကြားချက်အရ၊ သက်သေအဖြစ်အစစ်ခံသူများကထွက်ဆိုသော ထွက်ချက် များကိုဆိုသည်။ ယင်းထွက်ချက်များကို နှုတ်သက်သေခံချက်ဟုခေါ်သည်။
(၂) တရားရုံးက ကြည့်ရှုစစ်ဆေးရန်အလို့ငှာ တရားရုံးသို့တင်ပြထားသည့် စာတမ်းအမှတ်အသားအား လုံးကိုဆိုသည်။ ယင်းစာတမ်းအမှတ်အသားများကို စာတမ်းအမှတ်အသားသက်သေခံချက်ဟုခေါ်သည်။
သက်သေထင်ရှားခြင်း။
တရားရုံးရှေ့တွင် ထွက်ဆိုတင်ပြထားသည့် အကြောင်းအရာများကို တရားရုံးက ဆင်ခြင်စဉ်းစားပြီး နောက် အကြောင်းခြင်းရာတစ်ခုကိုအမှန် ဖြစ်သည်ဟုတရားရုံးက ယုံကြည်လျှင် သို့မဟုတ် အလားတူ အခြေအနေမျိုးတွင် ဆင်ခြင်တတ်သော သူတစ်ဦးတစ်ယောက်သည်အဆိုပါအကြောင်းခြင်းရာမှာ အမှန် ဖြစ်သည်ဟု မှတ်ယူလျက် ပြုမှုဆောင်ရွက်ပေးလိမ့်မည်ဟု တရားရုံးက ထင်မြင်ယူဆလျှင် ထိုအကြောင်း ခြင်းရာမှာသက်သေထင်ရှားခြင်းရှိသည်ဟုဆိုရမည်။
သက်သေထင်ရှားမရှိခြင်း။
အကြောင်းခြင်းရာတစ်ခုသည် သက်သေထင်ရှားမရှိခြင်းဟုဆိုရာ၌ ထိုအကြောင်းခြင်းရာကို စဉ်းစား ဆင် ခြင်ပြီးနောက် ထိုအကြောင်းခြင်းရာများမတည်ရှိကြောင်း သို့မဟုတ် ဆင်ခြင်စဉ်းစားတတ်သောသူ တစ်ဦးက ထိုအခြေအနေတွင် ထောက်ရှု၍ ယင်းအကြောင်းခြင်းရာ ဖြစ်ဖွယ်မရှိဟု ယူဆလျှင် ယင်းအကြောင်း ခြင်းရာသည် သက်သေထင်ရှားမရှိဟုဆိုသည်။
မထင်ရှားခြင်း။
အကြောင်းခြင်းရာတစ်ခုမှာ သက်သေထင်ရှားခြင်းလည်း မဟုတ်၊ သက်သေထင်ရှားမရှိခြင်းလည်းမ ဟုတ်ဖြစ်နေလျှင် ထိုအကြောင်းခြင်းရာမှာ မထင်ရှားဟုဆိုသည်။အမှန်ကဲ့သို့ မှတ်ယူနိုင်ခြင်း။