ပုဒ်မ ၄၂၂
ပုဒ်မ ၄၂၂
အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ

နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန် ကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးစီးကြောင်း တင်ပြလာသည့်အခါ ပြည်ထောင်စုလွှတ်တော် သက်တမ်းမကုန်ဆုံးသေးပါက ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူစေ၍ အစီရင်ခံ တင်ပြပြီးသည့်နေ့မှစ၍ ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်သက်တမ်းကုန်ဆုံးပြီးဖြစ်ပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ တင်ပြချက်လက်ခံရရှိသည့် နေ့မှစ၍ ဖြစ်စေ ပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီးပယ်ဖျက်ကြောင်း ကြေညာရမည်။