ပုဒ်မ ၂၂၈
ပုဒ်မ ၂၂၈
ပြောင်းလဲပြီးနောက် မည်သည့်အခါ စွဲချက်များကို ချက်ချင်းဆက်လက်ဆောင်ရွက်နိုင်ခြင်း

(၁) တရားရုံးသည် အမှုစတင်စစ်ဆေးပြီးနောက် စွဲချက်ကိုပြောင်းလဲခြင်း၊ သို့မဟုတ် ထပ်မံဖြည့်သွင်းခြင်းပြုသည့်အခါတိုင်း မိမိသဘောအတိုင်း-

(က) စွဲချက်အသစ်၊ သို့မဟုတ် ပြောင်းလဲထားသောစွဲချက်ကို မူလစွဲချက် ကဲ့သို့ သတ်မှတ်၍ အမှုကို ဆက်လက်ဆောင်ရွက်နိုင်သည်၊ သို့မဟုတ်

(ခ) တရားမျှတမှုကို ရှေ့ရှု၍ လိုအပ်သည်ဟု ထင်မြင်သည့်ကာလ အတွက် အမှုကို ရွှေ့ဆိုင်းနိုင်သည်၊ သို့မဟုတ်

( ဂ ) အသစ်ပြန်စစ်ဆေးရန် ညွှန်ကြားနိုင်သည်။

(၂) ပုဒ်မခွဲ(၁) အပိုဒ်(က)၊ သို့မဟုတ် အပိုဒ်(ခ)အရ တရားရုံးက အမှုကို ဆက်လက်စစ်ဆေးလျှင်၊ သို့မဟုတ် ထပ်မံရက်ရွှေ့ဆိုင်းလျှင် တရားလိုနှင့် တရားခံတို့ကို ထိုပြောင်းလဲပြင်ဆင်သည့်၊ သို့မဟုတ် ထပ်မံထည့်သွင်းသည့်စွဲချက်နှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့သော မည်သည့်သက်သေကိုမဆို ထပ်မံခေါ်ယူစစ်ဆေးခွင့် ပေးရမည်။ ထို့ပြင် အရေးပါသည်ဟု တရားရုံးက ထင်မြင်သည့် နောက်ထပ် မည်သည့်သက်သေကိုမဆို ခေါ်ယူစစ်ဆေးနိုင်ရန်အတွက် တရားလိုနှင့် တရားခံဘက်တို့အား ခွင့်ပြုရမည်။