ပုဒ်မ ၁၉
ပုဒ်မ ၁၉
လူကိုဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကိုဖြစ်စေ ထိခိုက်နစ်နာစေသည့်အတွက် လျော်ကြေး ရလိုမှုများ

လူကိုဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ ထိခိုက်နစ်နာစေမှု (wrong done) အတွက် လျော်ကြေးရလိုကြောင်း စွဲဆိုသည့် အမှုတွင်၊ ယင်းနစ်နာစေမှုကို တရားရုံးတစ်ရုံး၏ စီရင်ပိုင်ခွင့်ဒေသအတွင်း ပြုလုပ်ခဲ့ပြီး တရားပြိုင်သည် အခြားတရားရုံးတစ်ရုံး၏ စီရင်ပိုင်ခွင့်ဒေသအတွင်း နေထိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် ကိုယ်ကျိုးအမြတ်အစွန်းအတွက် ကိုယ်တိုင် အလုပ်လုပ်ကိုင်ခြင်း ပြုပါက တရားလိုသည် အဆိုပါ တရားရုံးနှစ်ရုံးအနက် မိမိကြိုက်နှစ်သက်ရာ တရားရုံးတွင် တရားစွဲဆိုနိုင်သည်။။

ဥပမာများ

(က)    မန္တလေးတွင်နေထိုင်သူ အေက ဘီကို ရန်ကုန်မြို့တွင် ရိုက်ပုတ်၏။ ဘီက အေ အပေါ် မန္တလေးမြို့တွင် ဖြစ်စေ၊ ရန်ကုန်မြို့တွင် ဖြစ်စေ တရားစွဲဆိုနိုင်သည်။

(ခ)     မန္တလေးမြို့တွင် နေထိုင်သူ အေက ဘီအား အသရေပျက်စေသော ပြောဆို ရေးသားဖြန့်ချိမှုကို ရန်ကုန်မြို့တွင် ပြောဆိုပြုလုပ်၏။ ဘီကအေအပေါ် မန္တလေးမြို့တွင် ဖြစ်စေ၊ ရန်ကုန်မြို့တွင်ဖြစ်စေ တရားစွဲဆိုနိုင်သည်။