ရွေးကောက်ပွဲတွင်-
(က) ပုဒ်မ ၄ ပုဒ်မခွဲ (က) ပါ မဲဆန္ဒနယ်များအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်း၏ကိုယ်စားဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းလွှာကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရမည်။
(ခ) ပုဒ်မ ၄ ပုဒ်မခွဲ(ခ)ပါမဲဆန္ဒနယ်များအတွက် နိုင်ငံရေးပါတီကဖြစ်စေ၊ ယင်းနိုင်ငံရေးပါတီ၏ကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ မိမိပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာကို ကော်မရှင်က သတ်မှတ်ပေးသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရမည်။
(ဂ) ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) ပါ မဲဆန္ဒနယ်များအတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရမည်။
(ဃ) ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း လွှာများ တင်သွင်းရာတွင် သက်ဆိုင်ရာနိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်း ပြုစုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရမည်။