အမှဘစ်မှုကို ဤအခန်းအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံးကဖြစ်စေ ပြန်လည်ပြင်ဆင်လိုက်သည့်အခါ ယင်းသို့ ပြန်လည်ပြင်ဆင်လိုက်သည့် ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်ကိုရေးမှတ်ခဲ့သည့်၊ သို့မဟုတ် ချမှတ်ခဲ့သည့် တရားရုံးသို့ မိမိ၏ဆုံးဖြတ်ချက်၊ သို့မဟုတ် အမိန့်ကို ပုဒ်မ ၄၂၅ အရ အထက်တွင် ပြဋ္ဌာန်းခဲ့သည့် နည်းလမ်း အတိုင်း မှန်ကန်ကြောင်း သက်သေခံလက်မှတ်ရေးထိုး ပေးပို့ရမည်။ ထို့ပြင် ယင်းသို့ မှန်ကန်ကြောင်း သွက်သေခံလက်မှတ်ရေးထိုးပေးပို့သည့် ဆုံးဖြတ်ချက်၊ သို့မဟုတ် အမိန့်ကို လက်ခံရရှိသည့် တရားရုံး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးသည် ယင်းကဲ့သို့ မှန်ကန်ကြောင်း သက်သေခံ လက်မှတ်ရေးထိုးသော ဆုံးဖြတ်ချက်နှင့် ညီညွတ်သောအမိန့်များ ချမှတ်ရမည့်အပြင် လိုအပ်လျှင် အမှုတွဲကို ထိုအမိန့်များနှင့်အညီ ပြင်ဆင်ရမည်။