အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် အောက်ပါ အတိုင်း ဖွဲ့စည်းရမည်-
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၊
(ခ) သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ်လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည် စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၊
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) တွင် ဖော်ပြထားသည့်အတိုင်း ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် ပြည်ထောင်စုနယ်မြေများသည် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ သတ်မှတ်သော ပြည်ထောင်စုနယ်မြေ များသည် လည်းကောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရွေးကောက်တင်မြှောက်ရန် ကိစ္စအလို့ငှာ အဆိုပါနယ်မြေပါဝင်ခဲ့သည့် ပြည်နယ်သို့မဟုတ် တိုင်းတွင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တွင်ဖြစ်စေ ပါဝင်ခြင်းကိုဆိုသည်။