မည်သူမဆို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာအတွင်း၌ ဖြစ်စေ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-
(က) မဲဆွယ်ခြင်း၊
(ခ) မဲဆန္ဒရှင်တစ်ဦးဦးအား လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆို ခြင်းသို့မဟုတ် ဆန္ဒမဲ မပေးရန် တိုက်တွန်းသွေးဆောင်ခြင်း၊
(ဂ) ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် သော်လည်းကောင်း၊ ဆန္ဒမဲမပေးဘဲနေရန် သော်လည်းကောင်း တိုက် တွန်းသွေးဆောင်ခြင်း။
ရှင်းလင်းချက်။ ဤပုဒ်မပါ ကိစ္စအလို့ငှာ အခြားနေရာများတွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက်စာတမ်း စသည်တို့ ကပ်ထားခြင်းနှင့် ချိတ်ဆွဲထားခြင်းတို့ မပါဝင်။