ပုဒ်မ ၃၇
ဒီကရီချမှတ်သည့် တရားရုံးအဓိပ္ပာယ်ဖော်ပြချက်
ဒီကရီအတည်ပြုခြင်းနှင့် စပ်လျဉ်း၍ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင် “ဒီကရီချမှတ်သည့် တရားရုံး” (Court which passed a decree) ဆိုသည့် စကားရပ်တွင် အောက်ပါ တရားရုံးများ ပါဝင်သည်ဟု မှတ်ယူရမည် -
- (က) အတည်ပြုရန်ရှိသည့် ဒီကရီကို အယူခံစီရင်ပိုင်ခွင့်အာဏာ (appellate jurisdiction) ကျင့်သုံး၍ ချမှတ်ထားပါက မူလတရားရုံး (Court of first instance)၊
- (ခ) မူလတရားရုံး မတည်ရှိတော့လျှင်ဖြစ်စေ၊ မူလတရားရုံး၌ ယင်းဒီကရီကို အတည်ပြုခွင့် မရှိတော့လျှင်ဖြစ်စေ ဒီကရီအတည်ပြုရန် လျှောက်ထားချိန်တွင် အဆိုပါအမှုကို စွဲဆိုခဲ့ပါက စစ်ဆေးစီရင်ပိုင်ခွင့်အာဏာ ရှိမည့် တရားရုံး။
Related Law