ပုဒ်မ ၉၉-ဃ
ပုဒ်မ ၉၉-ဃ
သိမ်းယူခြင်းကို ပယ်ဖျက်သည့် အထူးခုံအဖွဲ့၏ အမိန့်

(၁) အထူးခုံအဖွဲ့သည် လျှောက်လွှာကို လက်ခံရရှိသောအခါ လျှောက်ထားမှုနှင့် စပ်လျဉ်း သည့် သတင်းစာ၊ စာအုပ် သို့မဟုတ် အခြားစာတမ်းအမှတ်အသားတွင် အကြည်ညို ပျက်စေသော သို့မဟုတ် ပုဒ်မ ၉၉-က ၏ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသော ရေးသား ချက်မျိုးပါရှိသည် ဟူသောအချက်ကို ကျေနပ်မှုမရှိလျှင် သိမ်းယူမိန့်ကို ပယ်ဖျက် ပေးရမည်။

(၂) အထူးခုံအဖွဲ့တွင်ပါဝင်သော တရားသူကြီး အချင်းချင်း အယူအဆ ကွဲလွဲမှုများ ပေါ်ပေါက် လာလျှင် တရားသူကြီးများရာ၏ အယူအဆအတိုင်း အဆုံးအဖြတ် ပေးရမည်။