ပုဒ်မ ၁၃၁
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
ပြည်သူ့လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအချို့ လစ်လပ်နေစေကာမူ ပြည်သူ့ လွှတ်တော်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူတစ်ဦးက ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်သူ့လွှတ်တော် ၏ဆုံးဖြတ်ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။