ပြဿနာမှာ တစ်ဦးတစ်ယောက်သောသူသည် တစ်စုံတစ်ခုသောပစ္စည်း၏ ပိုင်ရှင်ဟုတ် မဟုတ် ဟူသောကိစ္စဖြစ်သည့်အခါ၊ ထိုပစ္စည်းသည် ထိုသူ၏လက်ဝယ်ရှိကြောင်း တင်ပြချက်ရှိခဲ့လျှင် ထိုသူသည် ပစ္စည်းပိုင်ရှင်မဟုတ်ကြောင်း သက်သေထင်ရှားတင်ပြရန်တာဝန်သည် ထိုသူမှာ ပစ္စည်းပိုင်ရှင်မဟုတ်ဟု အတည်ပြုပြောဆိုသူအပေါ်ကျရောက်သည်။