(၁) နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောမတူဘဲ အောက်ပါ မည်သည့် ပြစ်ဒဏ်ကိုမဆို ၎င်းစီရင်ချက်နောက်၌ ဆက်လက်ဖော်ပြသည့် စီရင်ချက်တစ်စုံတစ်ရာနှင့် လျော့ပေါ့ပြောင်းလဲနိုင်သည်-
သေဒဏ်၊ သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်၊ ပြစ်ဒဏ် စီရင်ရန်ရှိသည့် ကာလအပိုင်းအခြားထက် မပိုသည့်ကာလအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၊ ၎င်းကာလအပိုင်းအခြားအတွက် အလုပ်မဲ့ ထောင်ဒဏ်၊ ငွေဒဏ်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၆/၂၀၁၆)
(၂) ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၄၊ သို့မဟုတ် ပုဒ်မ ၅၅ ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေရ။