သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် မဆန့်ကျင်စေဘဲ တရားရုံးသည် မည်သည့်အချိန်၌မဆို မိမိအလိုအလျောက် (of its own motion) ဖြစ်စေ၊ အမှုသည်တစ်ဦးဦး၏ လျှောက်ထားချက်အရ (on the application of any party) ဖြစ်စေ အောက်ပါအတိုင်း အမိန့်ပေးနိုင်ပါသည် -
- (က) မေးမြန်းချက်များ (interrogatories) ပေးပို့ခြင်းနှင့် ဖြေဆိုခြင်း၊ စာတမ်းအမှတ်အသားများနှင့် အကြောင်းခြင်းရာများကို ဝန်ခံခြင်း (admission of documents and facts)၊ သက်သေခံအဖြစ် တင်ပြနိုင်သော စာတမ်းအမှတ်အသားများ သို့မဟုတ် အခြားအရာဝတ္တုများကို ထုတ်ဖော်စေခြင်း (discovery)၊ ကြည့်ရှုစစ်ဆေးခြင်း (inspection)၊ တင်ပြစေခြင်း (production)၊ သိမ်းယူထားခြင်း (impounding) နှင့် ပြန်လည်ပေးအပ်ခြင်း (return of documents) တို့နှင့် သက်ဆိုင်သည့် ကိစ္စအရပ်ရပ်တွင် လိုအပ်သော သို့မဟုတ် သင့်လျော်သော အမိန့်များကို ချမှတ်ခြင်း၊
- (ခ) သက်သေခံရန် သို့မဟုတ် စာတမ်းအမှတ်အသားများနှင့် အထက်ပါ အရာဝတ္တုများကို တင်ပြရန် လာရောက်ရန် လိုအပ်သူများထံသို့ သမ္မန်စာများ (ထုတ်ဆင့်ခြင်း၊
(ဂ) အကြောင်းခြင်းရာ တစ်ရပ်ရပ်ကို ကျမ်းကျိန်လွှာ ဖြင့် သက်သေထင်ရှားပြရန် အမိန့်ချမှတ်ခြင်း