ပုဒ်မ ၃၃
ပုဒ်မ ၃၃
ဗဟိုဘဏ်၏ စီမံခန့်ခွဲပိုင်ခွင့်

ဗဟိုဘဏ်သည် ဤဥပဒေကို ကျင့်သုံးအကောင်အထည်ဖော်ရာတွင် လိုအပ်သော သတင်းအချက် အလက်များကို နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံမှ တောင်းယူခွင့်ရှိသည်။ ဗဟို ဘဏ်မှ တာဝန်ရှိဝန်ထမ်းနှင့် ဗဟိုဘဏ်ကတာဝန်ပေးအပ်ထားသည့် အရည်အချင်းပြည့်မီသော အခြားပြင်ပပုဂ္ဂိုလ်များအား နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူတစ်ဦးဦး၏စာရင်း များ၊ စာရင်းစာအုပ်များ၊ အထောက်အထားများနှင့် ဗဟိုဘဏ်က လိုအပ်သည်ဟု ယူဆသော အခြား မှတ်တမ်းများကို စစ်ဆေးစေနိုင်သည်။