ပုဒ်မ ၈၀
ပုဒ်မ ၈၀
အကြောင်းကြားစာ

အစိုးရအပေါ်ဖြစ်စေ၊ ရာထူးအလျောက် ဆောင်ရွက်သည့် သဘောသက်ရောက်သော ပြုလုပ်မှု (act purporting to be done in official capacity) တစ်ခုခုနှင့် စပ်လျဉ်း၍ ပြည်သူ့အရာထမ်း (public officer) တစ်ဦးဦးအပေါ်ဖြစ်စေ တရားမမှု စွဲဆိုရန်ရှိလျှင်–

(က) အစိုးရအပေါ် စွဲဆိုသည့် အမှုဖြစ်ပါက -ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး (Secretary to the Union Government) သို့မဟုတ် သက်ဆိုင်ရာ ခရိုင်၏ ကော်လိတ္တော်အရာရှိ (Collector of the District) ၏ ရုံးတွင်လည်းကောင်း၊ 

(ခ) ပြည်သူ့အရာထမ်းအပေါ် စွဲဆိုသည့် အမှုဖြစ်ပါက -ထိုပြည်သူ့အရာထမ်း (public officer) ၏ ရုံးတွင်လည်းကောင်း၊

တရားစွဲဆိုရန် အကြောင်း (cause of action)၊ တရားလို၏ အမည်၊ အကြောင်းအရာနှင့် နေရပ် (name, description and place of residence of the plaintiff) နှင့် တောင်းဆိုသည့် သက်သာခွင့် (relief claimed) တို့ကို ဖော်ပြထားသည့် စာဖြင့် ရေးသားထားသော အကြောင်းကြားစာကို ပေးအပ်ပြီး သို့မဟုတ် ထားရှိပြီးသည့်နေ့မှ နှစ်လ မကုန်ဆုံးမီ  မည်သည့် အမှုကိုမျှ စွဲဆိုခြင်း မပြုရ။

ထို့ပြင် တရားရုံးသို့ တင်သွင်းသော အဆိုလွှာတွင် (plaint) ယင်းအကြောင်းကြားစာကို ထိုသို့ ပေးအပ်ပြီး သို့မဟုတ် ထားရှိပြီး ဖြစ်ကြောင်း ဖော်ပြပါရှိစေရမည်။

သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စတင်အာဏာတည်သောနေ့ရက်၌ မြန်မာနိုင်ငံ အစိုးရက အမှုသည်တစ်ဦးအနေဖြင့် ပါဝင်သောအမှုတစ်ခုခု မပြီးပြတ်သေးပါက ထိုအမှုတွင် မြန်မာနိုင်ငံ အစိုးရဆိုသည့် စကားရပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။